အမေရိကန်နှင့်ဆော်ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အီရတ်ဝန်ကြီးချုပ်ဆော်ဒီခရီးစဉ်အား ရွှေ့ဆိုင်း Iraq [viWstUnaOFA]
အမေရိကန်နှင့် ဆော်ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ် ဝန်ကြီးချုပ် ဆော်ဒီခရီးစဉ်အား ရွှေ့ဆိုင်း ဘဂ္ဂဒတ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Haider al-Aboudi က လတ်တလောကာလအတွင်း အမေရိကန်နှင့် ဆော်ဒီအာရေဗျက အီရတ်နိုင်ငံ Shia Islam ဂိုဏ်း ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့ “ပြည်သူ့စုစည်းလှုပ်ရှားရေးအဖွဲ့ (PMF)” အား လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ ဝန်ကြီးချုပ် Ali al-Zaidi သည် မူလက ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အား နောက်ဆုတ်ခဲ့ကြောင်း အီရတ်သတင်းအေဂျင်စီ (INA) က ဇူလိုင် ၃၀ ရက်ညပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ Haider al-Aboudi က အီရတ်နိုင်ငံအစိုးရအနေဖြင့် အီရတ်နိုင်ငံအတွင်း ပစ်မှတ် သို့မဟုတ် အစုအဖွဲ့ကို ပစ်မှတ်ထားသော မည်သည့်တိုက်ခိုက်မှုကိုမျှ ခွင့်ပြုထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် အမေရိကန် သမ္မတ ထရမ့်က ယခုအကြိမ် အမေရိကန်-ဆော်ဒီအာရေဗျ ပူးတွဲတိုက်ခိုက်ရေး လှုပ်ရှားမှုနှင့် စပ်လျဉ်း၍ အီရတ်နိုင်ငံအစိုးရနှင့် ညှိနှိုင်းမှု လုပ်ဆောင်ခဲ့သည်ကို ၎င်းက ငြင်းဆိုခဲ့သည်။ ယခုနှစ် စက်တင်ဘာ ၃၀ ရက်သည် အမေရိကန် ဦးဆောင်သော ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ အီရတ်နိုင်ငံမှ ဆုတ်ခွာသော နောက်ဆုံးကာလဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ “ပြည်သူ့စုစည်းလှုပ်ရှားရေးအဖွဲ့ (PMF)” ၏ အီရတ်နိုင်ငံရှိ အခြေစိုက်စခန်းအများအပြားသည် အမေရိကန်စစ်တပ်နှင့် ဆော်ဒီအာရေဗျစစ်တပ်၏ တိုက်ခိုက်မှုခံခဲ့ရပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်း သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PMF က ဇူလိုင် ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ထိုမတိုင်မီ ကြေညာချက် ထုတ်ပြန်၍ ဆော်ဒီအာရေဗျနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ဇူလိုင် ၂၇ ရက်တွင် အီရတ်နိုင်ငံဘက်မှ လာရောက်သော၊ ဆော်ဒီအာရေဗျနိုင်ငံ ပြည်တွင်းရှိ ရေနံအဆောက်အဦများအား တိုက်ခိုက်ရန် ကြိုးပမ်းသော ဒရုန်းအစင်းများစွာကို ကြားဖြတ်တားဆီး ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ Haider al-Aboudi က တိုက်ခိုက်မှုသည် အီရတ်ဘက်မှလာသည်ဟူသော စွပ်စွဲချက်နှင့် စပ်လျဉ်း၍ ခိုင်လုံသော သက်သေပံ့ပိုးပေးပြီး အတည်ပြုနိုင်ရန်အတွက် လုံခြုံရေးသတင်းအချက်အလက်များ မျှဝေပေးရန် အီရတ်အနေဖြင့် ဆော်ဒီအာရေဗျအား တောင်းဆိုထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အီရတ်အနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျဘက်၏ စွပ်စွဲမှုသည် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုခဲ့သည်။ (Xinhua) #Iraq #SaudiArabia #Attack #အီရတ် #ဆော်ဒီအာရေဗျ #တိုက်ခိုက်မှု ----------------------------- (Chinese Version) 美沙空袭伊拉克民兵武装 伊总理推迟访沙 新华社巴格达7月30日电(记者李军)据伊拉克通讯社30日晚报道,伊拉克政府发言人海德尔·阿布迪说,由于近期美国和沙特阿拉伯空袭伊拉克什叶派民兵武装“人民动员组织”,伊总理扎伊迪已推迟原定对沙特的访问。 阿布迪表示,伊拉克政府从未批准任何针对伊境内目标或团体的袭击。他否认美国总统特朗普曾就此次美沙联合打击行动与伊政府进行协调。他重申,今年9月30日是美国主导的打击“伊斯兰国”国际联盟部队撤出伊拉克的最后期限。 “人民动员组织”29日发表声明说,该组织位于伊拉克多处基地遭美军和沙特军队袭击,造成至少20人死亡、32人受伤。 沙特国防部此前发表声明说,沙特防空部队27日拦截并摧毁了数架来自伊拉克方向、企图袭击沙特境内石油设施的无人机。阿布迪透露,伊方已要求沙特方面就袭击源自伊拉克的指控提供确凿证据,并分享安全情报以供核实。他表示,伊方已成立调查委员会,沙方指控尚未得到证实。(完)